ကလေးဝမြို့နယ်၊ အမြန်ရေယာဉ်ဆိပ်ကမ်း၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်

ကလေးဝမြို့၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ အမြန်ရေယာဉ်ဆိပ်ကမ်း၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသော ကမ္ဘာ့နိုင်ငံများမှ နေရပ်ပြန် မြန်မာနိုင်ငံသားများ၊ ခရီးသည်များနှင့် စျေးသည်များအား အသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ရည်ရွယ်၌ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှ စတင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစိုးရမဟုတ်သော လူမှုရေး အသင်းအဖွဲ့များစသော ဌာနပေါင်းစုံပါဝင်သော မြို့နယ်ဉပဒေဆိုင်ရာ အထောက်အကူပေးရေး ပူးပေါင်းအဖွဲ့ဖြင့် အဖျားရှိမရှိ စစ်ဆေးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါလက္ခဏာ ရှိမရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags