ကလေးမြို့နယ်တွင် အခြေခံကျန်းမာရေးဝန်ထမ်းများကို Community Dialogue Training သင်တန်းများ ဆောင်ရွက်

ကလေးမြို့၊ မေလ (၂၁) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Malaria Consortium အဖွဲ့တို့ ပူးပေါင်း၍ ပြည်သူလူထုအတွင်း Integrated Community Case Management လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကလေးမြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများအား Training on Community Dialogue for Health (second batch) ကို (၁၆-၅-၂၀၁၉) ရက်နေ့ မှ (၁၈.၅.၂၀၁၉) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ကလေးမြို့နယ်အတွင်းရှိ ပြည်သူလူထုအား မိမိတို့ကျေးရွာတွင် အဓိကဖြစ်နေသော ကျန်းမာရေးပြဿနာများကို ကိုယ်တိုင်ဖော်ထုတ်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အချင်းချင်း ဆွေးနွေးအဖြေရှာနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

 

     အဆိုပါသင်တန်းကို စာတွေ့၊ လက်တွေ့ သင်ကြားပေးပြီး ကျေးရွာရပ်ကွက်များအတွင်းထိ လက်တွေ့ကွင်းဆင်းပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံကာ ဆွေးနွေး အဖြေရှာ တတ်စေရန် သင်ကြားပေးခြင်းဖြစ်ပါသည်။ အခြေခံကျန်းမာရေးဝန်ထမ်းများအားလုံး သင်တန်းရရှိစေရန် အသင်တန်းကို (၅) ကြိမ်ခွဲ၍ သင်ကြားပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

More Tags