ကရင်ပြည်နယ်အတွင်း ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းအစီအစဉ် ပြည်နယ်အဆင့် စတင်ခြင်းအခမ်းအနား ကျင်းပ

ဘားအံမြို့ ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင် (၇) ရက်

     ကရင်ပြည်နယ်အတွင်း ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းအစီအစဉ် ပြည်နယ်အဆင့် စတင်ခြင်းအခမ်းအနားကို (၇.၇.၂၀၁၉) ရက်နေ့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကာကွယ် ဆေးတိုက်ကျွေးမည့် ဘားအံမြို့နယ်မှ အသက် (၅) နှစ်အောက် ကလေးငယ်အယောက် (၅၀) ခန့်နှင့်မိဘများ တက်ရောက်ခဲ့ကြပါသည်။

 

     ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များမှ ကလေးငယ်များအား ကိုယ်တိုင်ကိုယ်ကျ ဆေးတိုက်ကျွေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဘားအံမြို့ပေါ်ရပ်ကွက်များရှိ ဆေးတိုက်စုရပ်များကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 
 

More Tags