ကရင်ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့မှ ဖာပွန်မြို့နယ်အတွင်း ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုအားပေး

ဖာပွန် ၊ (၂၀၁၉) ခုနှစ်၊  ဇူလိုင်လ (၇) ရက်

     ကရင်ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်  ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်တို့သည်  ဖာပွန်မြို့နယ်၏ ပိုလီယိုကာကွယ်ဆေး   အပိုဆောင်းတိုက်ကျွေးမှုအခြေအနေကို ဇူလိုင်လ ၇ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ ကမမောင်းမြို့ကိုးနဝင်းဘုန်းကြီးကျောင်း၊ ကတိုင်တိကျေးလက်ကျန်းမာရေးဌာနနှင့် ဖာပွန်မြို့ ရိုမန်ကတ်သလစ်    ဘုရားရှိခိုးကျောင်းတို့တွင်   အသက် ၁၅ နှစ်အောက် ပိုလီယို    အပိုဆောင်းကာကွယ်ဆေး သောက်သုံးမည့်ကလေးငယ်များအား    ဆေးတိုက်ကျွေးခြင်း၊    အားပေး စကားပြောခြင်းများပြုလုပ်ခဲ့ပြီး     အခြေခံကျန်းမာရေးဝန်ထမ်းများ၊   ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများနှင့်လည်း    တရင်းတနှီးတွေ့ဆုံကာ အားပေးစကား   ပြောခဲ့ကြ ပါသည်။


 

     ဖာပွန်ခရိုင်ကုသရေးဦးစီးဌာနမှူး    ဒေါက်တာဝေလင်း၊ ကမမောင်းတိုက်နယ်ဆရာဝန်    ဒေါက်တာစုရဲထက်၊   ဖာပွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နှင့်  ပညာရေးမှူး
တို့မှလည်း ကွင်းဆင်းကြည့်ရှုသည့်ခရီးစဉ်တွင်  လိုက်ပါခဲ့ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

More Tags