ကရင်ပြည်နယ်မှ မော်လမြိုင်မြို့သို့အဝင်ဂိတ်တွင် Fever Surveillance ပြုလုပ်ဆောင်ရွက်

မော်လမြိုင်မြို့၊၂၀၂၀ပြည့်နှစ်၊မတ်လ(၂၄)ရက်

     မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ INGO/NGO ၊Mon Health CSO များပူးပေါင်း၍ မတ်လ(၂၁)ရက်နေ့မှ စ၍ ကရင်ပြည်နယ်မှ အတ္တရံတံတား (မော်လမြိုင်)ကို ဖြတ်သန်းပြီး မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်ပေါ်တွင် ပါရှိလာသော ခရီးသည်များအား (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Fever Surveillance ပြုလုပ် ဆောင်ရွက်လျက်ရှိပါသည်။

 

More Tags