ကရင်ပြည်နယ်၊ ဘားအံမြို့၌ ရပ်ရွာအခြေပြု ကျန်းမာရေးလုပ်သားများအတွက် မူဝါဒရေးဆွဲပြုစုနိုင်ရေး ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဘားအံ               စက်တင်ဘာ (၁၁) ရက်

■ ယနေ့နံနက် (၉:ဝဝ) နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ တော်ဝင်ရတနာ Hotel ၌ ရပ်ရွာအခြေပြု ကျန်းမာရေးလုပ်သားများအတွက် မူဝါဒရေးဆွဲပြုစုရေး ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်နှင့်မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများ၊ လူထုအခြေပြုကျန်းမာရေးလုပ်သားများ၊ ကျွမ်းကျင်ပုဂ္ဂိုလ်များနှင့် INGO / NGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ပါသည်။


 

■ ၄င်းအလုပ်ရုံဆွေးနွေးပွဲကို ရပ်ရွာအခြေပြုကျန်းမာရေးလုပ်သားများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မူဝါဒရေးဆွဲပြုစုနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

More Tags