ကရင်ပြည်နယ်၊ ဘားအံမြို့၌ ပြည်နယ်အဆင့် မကူးစက်နိုင်သော ရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းဆိုင်ရာ အသိပေးဆွေးနွေးတင်ပြခြင်း အခမ်းအနားနှင့် ဆရာဖြစ်သင်တန်း ကျင်းပ

ဘားအံ              စက်တင်ဘာ (၁၀) ရက်

■ ယနေ့နံနက် (၉:၀၀) နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဘားအံမြို့၌ ပြည်နယ်အဆင့် မကူးစက်နိုင်သော ရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းဆိုင်ရာ အသိပေးဆွေးနွေးတင်ပြခြင်း အခမ်းအနားနှင့် ဆရာဖြစ်သင်တန်း (State Level PEN Advocacy and TOT Training) ကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ညွှန်ကြားရေးမှူး (မကူးစက်) တို့က မကူးစက်နိုင်သောရောဂါများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ပါသည်။


 

■ အဆိုပါအခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနစိတ်မှ တာဝန်ရှိသူများ၊ ပြည်နယ်ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် INGO/NGO မှ တာဝန်ရှိသူများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ကြပါသည်။ မကူးစက်နိုင်သောရောဂါများ ဆရာဖြစ်သင်တန်းသို့ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ပါသည်။


 

More Tags