ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးစီမံကိန်းများ ပူးပေါင်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပခြင်း

ဘားအံ၊ နိုဝင်ဘာ (၂၁)ရက်

     ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးစီမံကိန်းများ ပူးပေါင်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဉီးဆောင်လျက် ဘားအံမြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့ (IRC) တို့ ပူးပေါင်း၍ ဘားအံမြို့နယ်ရှိ တော်၀င်ရတနာဟိုတယ်တွင် နို၀င်ဘာ (၁၂)ရက်နေ့မှ နို၀င်ဘာ (၁၇)ရက်နေ့အထိ ကျင်းပခဲ့ပါသည်။

 

 

     အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေး၀န်ကြီး ဒေါက်တာတင်၀င်းကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ တာ၀န်ရှိသူများ၊ ဘားအံမြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ နှင့် အခြားဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများအပါအဝင် စုစုပေါင်း လူဦးရေ (၇၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

     ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် ဆောင်ရွက်မည့် ကျန်းမာရေးစီမံကိန်းများကို ကျန်းမာရေးဌာနခွဲများအလိုက် ပူးပေါင်းရေးဆွဲခဲ့ပါသည်။

 

 

 

More Tags