ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကျင်းပ

ဘားအံ၊ စက်တင်ဘာ (၂၄)ရက်

     ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို (၂၄-၉-၂၀၁၈) မှ (၂၅-၉-၂၀၁၈) ထိ ဘားအံမြို့ Than Lwin Paradise Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးသို့ ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ဘားအံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် မိတ်ဘက်အဖွဲ့အစည်းများမှ တာ၀န်ရှိသူများ တက်ရောက်ကြပါသည်။ ကရင်ပြည်နယ်တွင် ပြုလုပ်လျက်ရှိသော ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပြီးကျင်းပခဲ့ခြင်းဖြစ်ပါသည်။

    

    

 

More Tags