ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး မြို့နယ်အဆင့်သင်တန်းကျင်းပ

ဘားအံ၊ စက်တင်ဘာ (၂၆)ရက်

     ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး မြို့နယ်အဆင့် သင်တန်းကို(၂၀.၉.၂၀၁၈) မှ (၂၁.၉.၂၀၁၈)နေ့အထိ ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမနှင့် ဘားအံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတို့တွင် နှစ်သုတ်ခွဲပြီး တပြိုင်နက်ကျင်းပ ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆရာများအဖြစ် နေပြည်တော်ဗဟိုရပကန အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး(သွေးလွန်တုပ်ကွေး/ဆင်ခြေထောက်) ဒေါက်တာဇော်လင်း နှင့် Entomologist ဦးသီဟတို့မှဆောင်ရွက်ခဲ့ကြပြီး အခြေခံကျန်းမာရေး၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ကရင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ပိုမိုပီပြင်အားကောင်းလာစေရန် ရည်ရွယ်ပါသည်။

    

    

 

More Tags