ကရင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲကျင်းပ

ဘားအံ၊ မေလ(၂၆)ရက်

     သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မေလ (၂၆) ရက်နေ့တွင် ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် အခြားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် တော်များနှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။


 

     ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်လင်းက  နှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့သည်။ ထို့နောက် ကရင်ပြည်နယ် ရပကနအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းမျိုးကြည်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

More Tags