အဝီစိတွင်းရေများတွင် Arsenic ပါဝင်မှုနှင့် ပတ်သတ်သည့် သုတေသနတွေ့ရှိချက်များအား ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနတွင် ဆေးသုတေသနဦးစီးဌာန ရှင်းလင်းဆွေးနွေး

ဘားအံ                    အောက်တိုဘာ (၉) ရက်

    ဆေးသုတေသနဦးစီးဌာနသည် အဝီစိတွင်းရေများတွင် Arsenic ပါဝင်မှုနှင့် ပတ်သတ်သည့် သုတေသနတွေ့ရှိချက်များကို (၉-၁၀-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ဘားအံမြို့၌ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကရင်ပြည်နယ်လူမှုရေး၀န်ကြီး ​ဒေါက်တာတင်၀င်းကျော်၊ ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာထွန်းမင်း၊ ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာခင်ဖြူဖြူ၊ ကရင်ပြည်နယ် ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ Arsenic ဓါတ်ပါ၀င်မှုနှင့် ပတ်သတ်၍ ကျန်းမာရေး၀န်ထမ်းများ သိရှိနိုင်စေရန်ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။


 

More Tags