ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ၏ ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းများသုံးသပ်ဆွေးနွေးပွဲကျင်းပ

ဘားအံ                 ဇန်နဝါရီလ (၂၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းများတွင် ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန(KDHW)၏ ပူးပေါင်းဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများအား ပြန်လည်သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ဘားအံမြို့ ဇွဲကပင်သဘာဝဥယျာဉ်ဟိုတယ်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ အခြားတိုင်းရင်းသားကျန်းမာရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ လူမှုကူညီရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန KDHW ၏ ကျန်းမာရေးဝန်ဆောင်မှုပေးနေသောဒေသများတွင် ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးနိုင်ရန် လိုအပ်သောဆေးများကို ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ ကရင်ကျန်းမာရေးနှင့်  ကယ်ဆယ်ရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 
 

 

More Tags