ကယားပြည်နယ်၊ လွိုင်ကော်မြို့ လူထုလမ်းလျှောက်ပွဲတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက် ပြည်သူလူထုအား အသိပေးဆွေးနွေးခြင်းများ ပြုလုပ်

လွိုင်ကော်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်

     (၂၈-၁၂-၂၀၁၉) ရနေ့၊ နံနက် (၅:၀၀) နာရီ အချိန်၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့ နာရီစင်အနီးတွင် ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ ဌာနဆိုင်ရာပေါင်းစုံလမ်းလျှောက်ပွဲတွင် ဆေးလိပ်ငွေ့ ကင်းစင်ရေး လုပ်ငန်းများအတွက်ပြည်သူလူထုအား အသိပေးခြင်းပြုလုပ်ခဲ့ပါသည်။ တက်ရောက်လာသော ပြည်သူလူထုအား ဆေးလိပ်မသောက်ရေးအတွက် အသိပေး အလံငယ်များဝေငှပြီး စုပေါင်း လမ်းက် ခဲ့ပါသည်။ သူနာပြုသင်တန်းသူလေးများမှ “ဆေးလိပ်ငွေ့သည် ကျန်းမာရေးကို ထိခိုက်စေပါသည်” “ဆေးလိပ်ငွေ့ကင်းစင် လွိုင်ကော်မြို့တော်တစ်ခွင်” စသည့် စာတမ်းများပါသည့် vinyl ကို ကိုင်မြှောက်ပြီး ကန္ဒာဟေဝန်ပန်းခြံသို့ စုရုံးချီတက်ခဲ့ကြပါသည်။

 

     ထို့နောက် ကန္ဒာဟေဝန်ပန်းခြံအတွင်းရှိ အခမ်းအနားစင်မြင့်ထက်မှ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ဆေးလိပ်ငွေ့အန္တရာယ်၊ ဆေးလိပ်လုံးဝ မသောက် ရသော နယ်မြေများ ၊ ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းများကို ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ စုစုပေါင်း (၁၀၀၀) ခန့် တက်ရောက်ခဲ့ပါသည်။

 
 

More Tags