ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲ ကျင်းပ

လွိုင်ကော်၊၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း ပြည်နယ် အဆင့်အသိပေး ဆွေးနွေးပွဲကို (၂၁-၁၀-၂၀၁၉)ရက်နေ့၊ နံနက်(၉)နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်ဌေးရွှေမှ နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။


     အခမ်းအနားသို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဆရာဝန်များ၊ ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့ဝင်များ၊ NGOများ၊ EPI Focal များ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ စုစုပေါင်း (၅၃)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း ပြည်နယ်အဆင့် သင်တန်းကို (၂၂-၁၀-၂၀၁၉) ရက်နေ့တွင် ဆက်လက်ပြုလုပ်ရာ မြို့နယ်ဆရာဝန်များ၊ EPI Focal များ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပါသည်။

More Tags