ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းပွဲနှင့် သင်တန်းပြုလုပ်ကျင်းပ

လွိုင်ကော်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၃၀) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းပွဲနှင့် သင်တန်းကို (၃၀.၁၂.၂၀၁၉) တနင်္လာနေ့ နံနက် (၉:၀၀) နာရီတွင် လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နှီးနွယ်ဌာနမှဌာနဆိုင်ရာလူကြီးများ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးများနှင့် NCD တာဝန်ခံများ၊ INGO များ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁၇၂) ဦးခန့်တက် ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ က ဆေးလိပ်နှင့်ပတ်သက်ပြီး ဉပဒေ ပြဌာန်းပုံကို ပြော ပါသည်။ ထို့နောက် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် က ဆေးလိပ်ငွေ့ကင်းစင် လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

 

     သင်တန်းကို နံနက်(၁၀:၀၀)မှ ညနေ(၃:၀၀) နာရီထိကျင်းပခဲ့ပါသည်။ ဒု-ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး(ရောဂါနှိမ်နှင်းရေး) ဒေါက်တာသောင်းလင်းမှ Overview of NCD & FCTC investment case အားလည်းကောင်း၊ ပြည်နယ်ဉပဒေချုပ်ရုံးမှ ဒု-ညွှန်မှူး ဒေါ်ဉမ္မာနှင်းက Tobacco Control Law အကြောင်း လည်းကောင်း၊ NCD မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်သန့်မြင့် က Danger of Tobacco Use & Tobacco Control Program အားလည်းကောင်း ပို့ချခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အထွေထွေ ဆွေးနွေးခဲ့ကြပြီး ညနေ (၃:၀၀)နာရီတွင် သင်တန်းအောင်မြင်စွာပြီးစီးခဲ့ပါသည်။

More Tags