ကယားပြည်နယ်တွင် ၂၀၁၉ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တီဘီရောဂါအကြောင်း ကျန်းမာရေးပညာပေးနှင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်

လွိုင်ကော်မြို့၊ မတ်လ(၂၄)ရက်

     ကယားပြည်နယ်၊ လွိုကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင်  ၂၀၁၉ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တီဘီရောဂါအကြောင်း ကျန်းမာရေးပညာပေးနှင့် ကွင်းဆင်းဆေးကုသမှုကို(၂၄-၃-၂၀၁၉) ရက်နေ့တွင် ပြည်နယ်တီဘီ ရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ပါသည်။


 

    အခမ်းအနားသို့  ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်၊ လက်ထောက် ညွှန်ကြားရေးမှူး(တီဘီ/အနာကြီး) ဒေါက်တာလဲ့ညိုဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။ တက်ရောက်လာသည့်ပြည်သူ (၁၀၂)ဦးအား ကျန်းမာရေးပညာပေးပြီး (၁၅၆)ဦးကို စမ်းသပ် စစ်ဆေးကုသမှု ပေးခဲ့ပါသည်။

More Tags