ကယားပြည်နယ်တွင် ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံ

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်

     ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စိန်စိန်တို့သည် ကယားပြည်နယ်အတွင်း ရာသီတုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရောဂါဖြစ်ပွါးမှုအခြေအနေ၊ ဆေးကုသမှုလုပ်ငန်းများနှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံခြင်းကို (၁၄.၇.၂၀၁၉) ရက်နေ့၊ ညနေ( ၃:၃၀) နာရီအချိန်တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ အရှေ့တောင်အာရှဒေသနှင့် မြန်မာနိုင်ငံ၏ ရာသီတုပ်ကွေးရောဂါဖြစ်ပွါးမှု၊ သေဆုံးမှု  အ​ခြေအနေများကို ရှင်းလင်းပြောကြားပါသည်။ ကယားပြည်နယ်တွင် (၁၃.၇.၂၀၁၉) ရက်နေ့၌ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော မတူညီသောရပ်ကွက် (၂) ခုမှ ကလေး (၂) ဦးမှာ ရာသီတုပ်ကွေးရောဂါ H1N1 ပိုး ပထမဦးဆုံးစတင်တွေ့ရှိကြောင်း အသိပေးပြောကြားခဲ့ပြီး ရာသီတုပ်ကွေးရောဂါ လက္ခဏာများ၊ ကာကွယ်ရန်နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စိန်စိန်မှ ဆေးရုံတွင်ကုသနေသော လူနာ (၂) ဦးအား သီးသန့်ဆောင်တွင်ထားရှိ၍ ဆေးကုသမှုပေးနေကြောင်း၊ လူနာ (၂) ဦးလုံး၏ အခြေအနေမှာ သက်သာ၍ ပုံမှန်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရာသီတုပ်ကွေးရောဂါဖြစ်ပွါးလာပါက စောစီးစွာဆေးရုံတက်​ရောက်ကုသလျှင် အသက် အန္တရာယ် မရှိကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ ကုသရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး၊ သတင်းမီဒီယာဌာနများမှ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ DVB , Eleven media, Kantarawaddy Time, MRTV, Tarchilake News Agency, Myawaddy, NRC စသည့် မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

More Tags