ကယားပြည်နယ်တွင် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၈) ကျင်းပဆောင်ရွက်

လွိုင်ကော်၊ မတ်လ (၁၅)ရက်

      ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၈) ကို (၁၄-၃-၂၀၁၉) ရက်နေ့ မှ (၁၅-၃-၂၀၁၉) ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကိုယ်စား လွိုင်ကော် ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ် ကြီး ဒေါက်တာရဲမြင့်အောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


 

     ၂၀၁၈ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များနှင့်ပတ်သက်ပြီး ပြည်နယ်မှ စီမံချက်ဌာနများ၊ မြို့နယ်များနှင့် INGOs/NGOs အဖွဲ့အစည်းများမှ တင်ပြပြီး သတင်းအချက်အလက်များကို ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်မှ ဦးဆောင်၍ ပြန်လည်ဆန်းစစ် ညှိနှိုင်း၍ ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။  အခမ်းအနားတွင် ပြည်နယ်မှ စီမံချက်တာဝန်ခံများ၊ မြိုန့ယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် မြိုနယ်များမှ တာဝန်ခံများ စုစုပေါင်း ( ၆၁ )ဦး တက်ရောက်ခဲ့ပါသည်။

 

More Tags