ကယားပြည်နယ်တွင် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

လွိုင်ကော်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၆) ခုနှစ်

     ကယားပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် (၁၆.၈.၂၀၁၉) ရက်နေ့၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုနှင့် သားဖွားသင်တန်းသူများ၊ မိခင်ကလေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ NGO/INGOများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း (၃၅၀) ဦးတက်ရောက်ခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားတွင် ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် ကယားပြည်နယ်၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစောအဲဒိုဝါးတို့က ကျောင်းကျန်းမာရေးသီတင်းပတ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျောင်းသူကျောင်းသားများမှလည်း Fitness dance၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး တေးသရုပ်ဖော်၊ Aerobic အက တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ဆက်လက်၍ အထက်တန်း၊ အလယ်တန်း၊ မူလတန်း စံပြကျောင်းဆု၊ စာစီစာကုံးဆု၊ ကဗျာဆု၊ ပိုစတာဆုနှင့် ပန်းချီဆုများကို ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများက ကျောင်းကျန်းမာရေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ဆုရစာစီစာကုံးများ၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီများကို ပြသထားသော ပြခန်းငယ်အား ကြည့်ရှုအားပေးခဲ့ကြပါသည်။

More Tags