ကယားပြည်နယ်တွင် State Level Data Audit Review Meeting for HMIS / DHIS2 ကျင်းပဆောင်ရွက်

လွိုင်ကော်၊ မတ်လ (၁၃)ရက်

     ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် State Level Data Audit Review Meeting for HMIS/DHIS2 ကို (၁၃-၃-၂၀၁၉) ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနား တွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။


 

     ၂၀၁၈ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပြန်လည်ဆန်းစစ်၍ ညှိနှိုင်းခဲ့ကြပါသည်။ အခမ်းအနားတွင် မြိုန့ယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် ပြည်နယ်နှင့် မြိုနယ်များမှ HMIS / DHIS2  တာဝန်ခံများ စုစုပေါင်း (၃၁)ဦး တက်ရောက်ခဲ့ ပါသည်။

More Tags