ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေး အခမ်းအနားကို စစ်တွေမြို့၌ ကျင်းပပြုလုပ်

စစ်တွေ၊ မတ်လ (၂၅) ရက်

     ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေး အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့၊ ရခိုင်ပြည်နယ် စစ်တွေမြို့ ဘိုးဘွားရိပ်သာ၌ ပြုလုပ်ကျင်းပ ခဲ့ပါသည်။


 

     အဆိုပါအခမ်းအနားတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူးဦးဆောင်သော တီဘီတိုက်ဖျက်ရေးဝန်ထမ်းများက ဘိုးဘွားရိပ်သာရှိ အဘိုး အဘွား (၅၂) ဦးအား တီဘီရောဂါရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ လတ်တလော နာမကျန်းဖြစ်နေသူများအား ဆေးကုသပေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှု များ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။

More Tags