ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေးခြင်းနှင့် ရောဂါရှာဖွေကုသခြင်း ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်းမြို့၊ မတ်လ (၂၄) ရက်

     ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှု အနေဖြင့် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရှမ်းအရှေ့) ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(မိုင်းပျဉ်း) တို့သည် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ပူးပေါင်း၍ မိုင်းပျဉ်းမြို့တွင် တီဘီရောဂါအကြောင်း ပညာပေးခြင်းလုပ်ငန်းကို (၂၀၁၉) ခုနှစ် မတ်လ (၂၄) ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် တီဘီရောဂါ အကြောင်းကို တိုင်းရင်းသားဘာသာများဖြင့် ပညာပေးခြင်းသာမက ဉာဏ်စမ်းမေးခွန်းများ မေးပြီး အဖြေမှန်သူများအား လက်ဆောင်များပေးအပ်ခဲ့သည်။

 

     ထို့နောက် မတ်လ (၂၅) ရက်နေ့တွင် အထူးဒေသ (၄) မိုင်းလားဒေသသို့ ကွင်းဆင်းကာ ရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီရောဂါရှာဖွေခြင်း၊ တီဘီရောဂါရှိသူများကို ကုသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ကွင်းဆင်းရောဂါရှာဖွေကုသခြင်း ပထမနေ့တွင် မိုင်းဆောဒေသရှိ ဖာလို့ရွာ၊ ဂျိုပွေရွာ၊ မိုင်းခမ်းရွာစသော တောင်ပေါ်ခက်ခဲဒေသရွာများမှ သံသယလူနာ (၁၃၂) ဦးအား သလိပ်စစ်ဆေးခြင်းနှင့် ရင်ခေါင်းဓာတ်မှန်ရိုက်စစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး တီဘီလူနာသစ် (၅)ဦးကို ရှာဖွေဖော်ထုတ် ကုသပေးခဲ့သည်။ ဆက်လက်ပြီး အထူးဒေသ (၄) မိုင်းလားဒေသအတွင်းရှိ ခက်ခဲဒေသများဖြစ်သည့် ကျိုင်းခမ်းအုပ်စုနှင့် နန့်ပန်းအုပ်စုများ တွင်လည်း ကွင်းဆင်းရောဂါရှာဖွေကုသခြင်းလုပ်ငန်း များကို လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းများကို ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေး ဌာန၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန (ရှမ်းအရှေ့) ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မိုင်းလားတို့က တိုင်းရင်းသားကျန်းမာရေးအဖွဲ့၊ အထူးဒေသ (၄) မိုင်းလားဒေသနှင့် လက်တွဲဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

More Tags