ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ဝင်ပေါက်များမှ Novel Corona virus (2019-nCov) ကူးစက်ဝင်ရောက်မှု ကာကွယ်တားဆီးရန်အတွက် အဖျားရောဂါနှင့် တုပ်ကွေးဆန်သော ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း (Fever Surveillance) နှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြစ်ကြီးနား၊ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၂၆)ရက်

     ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ဝင်ပေါက်များဖြစ်သည့် ကန်ပိုက်တီ၊ ပန်ဝါ နှင့် လွယ်ဂျယ်ဝင်ပေါက် များမှ Novel Coronavirus (2019-nCov) ကူးစက်ဝင်ရောက်မှု မရှိစေရန်အတွက် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အဖျားရောဂါနှင့် တုပ်ကွေးဆန်သော ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း (Fever Surveillance) နှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နော်ရှ်ထာဦးဆောင်ပြီး ကချင်ပြည်နယ်အထူးရောဂါနှိမ်နင်းရေးအဖွဲ့၊ ဝိုင်းမော်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသိန်းမြို့ ဉီးဆောင်သောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုက်တီ နယ်စပ်ဝင်ပေါက်တွင် အဖျားရောဂါနှင့် တုပ်ကွေးဆန်သောရောဂါများ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းကြီးကြပ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်း တိုင်ပင်ခဲ့ပါသည်။


     ထိုသို့သွားရောက်ရာတွင် ကန်ပိုက်တီ တိုက်နယ်ဆေးရုံနှင့် ဌာနရှိ ဝန်ထမ်းများကို ရင်းနှီးနှီးတွေ့ဆုံ၍ လက်ရှိ အဖျားနှင့် တုပ်ကွေးဆန်သောရောဂါများ စောင့်ကြပ်ကြည့်ရှုနေမှု အခြေအနေ ၊ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို ဆွေးနွေးပြီး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ရန်အတွက် အနီးကပ်လမ်းညွှန်ခဲ့ပါသည်။ ထိုသို့ဆွေးနွေး လမ်းညွှန်မှုပေးရာတွင် တရုတ်နိုင်ငံရှိ ဝူဟန်မြို့မှ စတင်၍ ကူးစက်ပြန့်ပွားလျက်ရှိသည့် Novel Coronavirus (2019-n-Cov) လက်ရှိဖြစ်ပွားမှုအခြေအနေ၊ ကူးစက်ပုံနည်းလမ်းများ၊ Fever Surveillance စောင့်ကြပ်ကြည့်ရှုရာတွင် လိုက်နာရမည့်အချက်များ၊ တိုက်ရိုက်ထိတွေ့ခြင်း၊ အသုံးပြုသောပစ္စည်း၊အစားအစာများမှ တဆင့်ထိတွေ့ခြင်း စသည်တို့ကို လုံးဝ လုံးဝ ရှောင်ကြဉ်ရန် နှင့် ပူးပေါင်းပါဝင်မည့်ဌာနဆိုင်ရာများကိုပါ အသိပညာ အသေအချာတင်ကြိုပေးထားရန်၊ လူနာကို ထိတွေ့ခြင်းမရှိဘဲ Infrared thermometer အသုံးပြု၍ စံလုပ်ထုံးလုပ်နည်းအတိုင်း ခန္ဓာကိုယ်အပူချိန်တိုင်းတာရန်၊ ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် N95 Mask၊ PPE (Personnel Protective Equipment) ဝတ်စုံများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် စံလုပ်ငန်းလမ်းညွှန်များအတိုင်း စနစ်တကျ ဝတ်ဆင်အသုံးပြုရန် နှင့် အသုံးပြုပြီးပါက စနစ်တကျ စွန့်ပစ်ဖျက်ဆီးရန်၊ လိုအပ်ပါက စစ်ဆေးခံမည့်လူများကို နှာခေါင်းစည်းများ ကြိုတင် ဝတ်ဆင်စေရန်၊ အသုံးပြုသည့် စားပွဲခင်း အစရှိသည့် ပစ္စည်းများကို တစ်ခါသုံးပစ္စည်များအသုံးပြုပြီး စနစ်တကျ ဖျက်ဆီးစွန့်ပစ်ရန် အစရှိသည့် လုပ်ငန်းစဉ်များ ကိုလည်းကောင်း၊ သံသယလူနာတွေ့ရှိပါက နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာ အစရှိသည့် နမူနာများကို Viral Culture Transport Media ဖြင့် စနစ်တကျ လမ်းညွှန်ချက်များ အတိုင်းဆောင်ရွက်ရန် ၊Surgical mask နှင့် surgical gown၊ Disposable bed sheath, surgical glove, caps, hand gel တို့ကို စနစ်တကျ အသုံးပြုရန်၊ Guideline၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာသတိပေးချက်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ခြင်းဆိုင်ရာ ပိုစတာ နှင့် လက်ကမ်းစာစောင်များကို စနစ်တကျ ထားရှိဖြန့်ဝေရန်၊ သံသယလူနာအား သီးသန့်ထား၍ စောင့်ကြပ်ကြည့်ရှုရန်အတွက် သီးသန့်ခန်းကို ကန်ပိုက်တီတိုက်နယ်ဆေးရုံတွင် ပြင်ဆင်ထား ရှိရန်နှင့် ဓာတ်ခွဲနမူနာနှင့် လူနာပို့ဆောင်ရန်လိုအပ်ပါက အဆင်သင့်ရှိစေရန်အတွက် ချိတ်ဆက်ထားရှိရန်၊ နေ့စဉ်စောင့်ကြပ်ကြည့်ရှုမှုအစီရင်ခံစာများ တင်ပြနေမှုကို ဆက်လက်ဆောင်ရွက် ရန်နှင့် ထူးခြားချက်ရှိလာပါက အချိန်မဆိုင်းဘဲ အထက်အဆင့်သို့ အမြန်ဆုံးတင်ပြရန်၊ တရုတ်နိုင်ငံမှ ဝင်ရောက်လာသူများကို မြန်မာနိုင်ငံတွင်နေထိုင်မည့် လိပ်စာအတိအကျနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို မှတ်တမ်းတင်ထားရှိရန် အစရှိသည်တို့ကို ထပ်မံလမ်းညွှန်မှာကြားခဲ့ပါသည်။


     ထို့နောက် ကန်ပိုက်တီမြို့အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်၊ လူဝင်မှုကြီးကြပ်ရေးဉီးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ စသည့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ Fever Surveillance လုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းခဲ့ပါသည်။
 

More Tags