ကချင်ပြည်နယ်အတွင်း Novel Coronavirus ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါ ကာကွယ် တားဆီးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်သန့်ရှင်းမှုလုပ်ငန်းအတွက် ပူးပေါင်းဆောင်ရွက်

မြစ်ကြီးနား၊ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၂၇)ရက်

     ကချင်ပြည်နယ်အတွင်း Novel Coronavirus ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီးခြင်း နှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ လမ်းညွှန်ချက်များအတိုင်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ကူးစက်တတ်သော ရောဂါများကို ထိရောက်စွာကာကွယ်သည့် နည်းလမ်းဖြစ်သည့် လက်ဆေးခြင်းကို တိုးမြှင့် ဆောင်ရွက်ရန်အတွက် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေး၊ WHO မှ ဒေါက်တာသက်ဇော်ထက်၊ UNICEF (WASH Cluster) မှ ဦးအေးဝင်းတို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။


     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ဝင်ပေါက်များတွင် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ဆောင်ရာတွင် လက်ဆေးခြင်းလုပ်ငန်းနှင့် လူထုအတွင်း သန့်ရှင်းသောလက်ဖြစ်စေရန် စနစ်တကျ လက်ဆေးခြင်းများ မြှင့်တင်ရန်အတွက် UNICEF (WASH Cluster) မှ လိုအပ်သည့် ဆပ်ပြာနှင့် လက်သန့်ရှင်း ရေးဆိုင်ရာ အသုံးဆောင်ပစ္စည်းများကို ပူးပေါင်းညှိနှိုင်းပါဝင်သွားမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် Health Cluster အနေဖြင့် ပြည်နယ်အတွင်းရှိ ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းများကို Novel Coronavirus နှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပေးပို့မျှဝေလျက်ရှိပါကြောင်း ၊ လာမည့် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် Kachin Health Cluster Meeting တွင်လည်း မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများအရှိန်ဟုန် မြှင့်တင်သွားမည်ဖြစ်ပါသည်။

More Tags