ကချင်ပြည်နယ်အတွင်း Novel Coronavirus ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါ ကာကွယ် တားဆီးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် Hotel Surveillance အတွက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်

မြစ်ကြီးနား၊ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၂၇)ရက်

     ကချင်ပြည်နယ်အတွင်း Novel Coronavirus ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါ ကာကွယ် တားဆီး ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို လမ်းညွှန်ချက်များအတိုင်း အရှိန်ဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ Hotel Surveillance တွက် ဒု-ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး(ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေး ဦးဆောင်၍ ပြည်နယ် တိုးချဲ့ကာကွယ်ဆေး/ ကူးစက်ရောဂါနှိမ်နင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာ ဇက်လွမ်းခေါင်၊ ကျန်းမာရေးမှူးအဆင့် (၁) ဦးညွှန့်ဝင်း တို့ ပါဝင်သောအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ပြည်နယ်တာဝန်ခံဦးစိုးဝင်းနှင့် အဖွဲ့တို့ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။


     ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ကချင်ပြည်နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းများတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ဝေသည့် Novel Coronavirus ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါအကြောင်း ကျန်းမာပညာပေးပိုစတာ၊ ခရီးသွားများအတွက် လမ်းညွှန်ချက်များ စသည်တို့ကို တည်းခိုသူများ အလွယ်တကူ မြင်နိုင်သည့် နေရာတွင် ကပ်ထားရန်၊ ကျန်းမာရေးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ တည်းခိုသူများ ဖျားနာ၊ သံသယဖြစ်ပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အချိန်နှင့် တပြေးညီ အကြောင်းကြားရန် စသည်တို့ကို တိုင်ပင်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

More Tags