ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနား အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနားမြို့ ၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်

     ၂၀၁၉ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့တွင် မြစ်ကြီးနား အထွေထွေရောဂါကုဆေးရုံကြီး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနား အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်လှူဒါန်းသည့် ဆေးရုံသုံး Infusion Pump (10) sets (ကာလတန်ဖိုး- ၅,၀၀၀,၀၀၀(သိန်းငါးဆယ်)ကျပ်တိတိ)ကို အစိုးရအဖွဲ့ကိုယ်စား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မှ ပေးအပ်၍ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း မှလည်းကောင်း၊ Intraosseus needle set (ကာလတန်ဖိုး - ၄,၅၀၀,၀၀၀ (လေးဆယ့်ငါးသိန်း) ကျပ်တိတိ)ကို ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းမှပေးအပ်၍ မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်မှလည်းကောင်း အသီးသီး လက်ခံခဲ့ပါသည်။ ထို့နောက် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း မှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

More Tags