ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ပြည်နယ်ခုခံကျ/ကာလသားရောဂါ HIV/AIDS ကျန်းမာရေးပညာပေးပြခန်း ဖွင့်လှစ်ဆောင်ရွက်

မြစ်ကြီးနား၊ မတ်လ (၁၃)ရက်

     ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရွှေမဉ္ဇူဘုရားပွဲ၌ ပြည်နယ်ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ HIV/AIDS ကျန်းမာရေးပညာပေး ပြခန်းကို (၁၃.၃.၂၀၁၉) ရက်နေ့ နံနက်(၉:၀၀)နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။


 

     အဆိုပါပြခန်းတွင် ပြည်နယ်ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမို့မို့ထွန်းနှင့်အဖွဲ့၊ မိုးညှင်းခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်နှင့် ကျန်းမာရေး ဝန်ထမ်းများမှ ပူးပေါင်း၍ ဘုရားပွဲတော်ကာလ ဖြစ်သည့် (၁၃.၃.၂၀၁၉ မှ ၂၀.၃.၂၀၁၉) ရက်နေ့ထိ ကျန်းမာရေး ပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ HIV နှင့် ကာလသားရောဂါပိုးအခမဲ့ စစ်ဆေးပေးခြင်း၊ ဗဟုသုတမေးခွန်းများမေး၍ လက်ဆောင်ပစ္စည်းများပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags