ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့တွင် Disease Control T O T Refresher Training for PHS 2 ကျင်းပပြုလုပ်

မြစ်ကြီးနားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၂) ရက်

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် Disease Control T O T Refresher Training for PHS (2) သင်တန်းကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်လျက်ရှိပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင် သင်တန်း ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် သင်တန်း/သင်တန်းသူများကို တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် လုပ်ငန်းခွင် ပျော်ရွှင်မှုရှိပြီး ကောင်းမွန်ကျေပွန်စွာ စွမ်းဆောင်နိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူကြိုးစားကြရန် စသည်ဖြင့် အားပေးမှာကြားခဲ့ပြီး ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ နော်ရှ်ထာ၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေး၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြပါသည်။


     အဆိုပါသင်တန်းတွင် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ၊ PHS 2 များအတွက် HIV ၊ TB ၊ Malaria ၊ DHF အစရှိသည့် ကူးစက်တက်သောရောဂါများနှင့် သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့် မကူးစက်တတ်သောရောဂါများ တားဆီးကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ သင်ခန်းစာများကို သက်ဆိုင်ရာဌာနများမှ ပို့ချသွားမည်ဖြစ်ပြီး မြို့နယ်များမှ သင်တန်းသား/သူ (၅၇) ဦး တက်ရောက်သင်ယူလျက်ရှိပါသည်။

More Tags