ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနားမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၈) ရက်

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းဝေးခန်းမတွင် (၂၈-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဖြူဖြူသန့်က COVID-19 ရောဂါအကြောင်းပညာပေး ဆွေးနွေးခဲ့ပါသည်။ အဆိုပါပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသောမြစ်ကြီးနားတက္ကသိုလ် ကျောင်းသား/ကျောင်းသူ ဒုတိယအကြိမ် (စေတနာ့ဝန်ထမ်း) များသည် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၎င်းသင်တန်းသို့ တက်ရောက်သူကျောင်းသားကျောင်းသူ စုစုပေါင်း (၃၀) ဦးရှိပါသည်။

More Tags