ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆွေးနွေးပွဲကျင်းပပြုလုပ်

မြစ်ကြီးနားမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၆) ရက်

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းဝေးခန်းတွင် (၂၆-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာနော်ရှဲလ်ထာက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူသန့်က COVID-19 ရောဂါအကြောင်း ပညာပေးဆွေးနွေးခဲ့ပါသည်။ အဆိုပါပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသော မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားကျောင်းသူ (စေတနာ့ဝန်ထမ်း) များသည် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ COVID-19 ရောပါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၎င်းသင်တန်းသို့တက်ရောက်သူကျောင်းသားကျောင်းသူစုစုပေါင်း (၃၂) ဦးရှိပါသည်။

More Tags