ကချင်ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် HPA (ကချင်) အဖွဲ့တို့ပူးပေါင်း၍ Malaria Ellimination Orientation Training ကျင်းပပြုလုပ်

မြစ်ကြီးနားမြို့၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်

     ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် HPA (ကချင်) အဖွဲ့တို့ပူးပေါင်း၍ (Malaria Ellimination Orientation Training) ကို Amber Place Hotel တွင်၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်ဒေတာအချက်အလက်များအရ ကချင်ပြည်နယ်သည် ငှက်ဖျားအဖြစ်များဆုံး နံပါတ် (၆) နေရာတွင် ရှိပြီး ကချင်ပြည်နယ်အတွင်း ငှက်ဖျားဖြစ်ပွားမှု၏ ၆၅% သည် ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်များရှိ ကျန်းမာရေးမိတ်ဖတ်အဖွဲ့အစည်း HPA မှ လုပ်ငန်းဆောင်ရွက်လျက်ရှိသော နေရာများတွင် ဖြစ်ပွားခဲ့ပါသည်။

 

     သို့ဖြစ်ပါ၍ HPA မှသင်တန်းသား(၁၁) ဦးကို ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန နှင့် HPA အဖွဲ့သို့ပူးပေါင်း၍ ပထမအကြိမ် Maleria Ellimination Orientation Training ကိုကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

More Tags