ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး Internal Youth Day အခမ်းအနားသို့ တက်ရောက် အားပေး

မြစ်ကြီးနား၊ ၂၀၁၉ ခုနှစ် ဩဂုတ်လ (၁၃) ရက်

      ၂၀၁၉ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် ကျရောက်သည့် International Youth Day အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉ ခုနှစ် ဩဂုတ်လ (၁၃) ရက်နေ့တွင် မြစ်ကြီးနားနည်းပညာတက္ကသိုလ်၌ မြန်မာ နိုင်ငံ ဆရာဝန်အသင်း လူငယ်စီမံချက်မှ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမို့မို့ထွန်း၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးနန္ဒာဆွေနှင့် ပြည်နယ်ကျောင်းကျန်းမာရေးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာ ခိုင်ဆုမော်တို့ တက်ရောက်အားပေးခဲ့ပါသည်။ ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးနှင့် အဖွဲ့သည် ခင်းကျင်းပြသထားသည့် ပြခန်းငယ်အား လှည့်ပတ်ကြည့်ရှုခဲ့ပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပါသည်။

More Tags