ကချင်ပြည်နယ် ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူး ဝိုင်းမော်မြို့နယ် တွင်ကျင်းပသော အရန်သားဖွားသင်တန်းသို့ တက်ရောက်အမှာစကား ပြောကြားပြီး မြို့နယ်ဆေးရုံကို ကြည့်ရှုစစ်ဆေး

ဝိုင်းမော်၊ ၂၀၁၉ ခုနှစ် ဩဂုတ်လ (၁၂) ရက်

     ကချင်ပြည်နယ် ပြည်သူကျန်းမာ/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းသည် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံတွင် ICRC ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် ဝေးလံခက်ခဲသော ဒေသများအတွက် အရန်သားဖွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူးသည် ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် ဆေးရုံအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှု အခြေ အနေကို ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ရာ ဝိုင်းမော်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့နှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပါသည်။

More Tags