ကချင်ပြည်နယ်ပြည်တွင်ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကျောင်းအခြေပြု ကလေးကြီးထွားဖွံ့ဖြိုးမှုစောင့်ကြပ်မြှင့်တင်ခြင်းသင်တန်း ကျင်းပ

မြစ်ကြီးနား၊ မတ်လ(၁၈)ရက်

   ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် (၁၈-၃-၂၀၁၉)ရက်နေ့ နံနက်(၉:၀၀)နာရီ၌ “ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကျောင်းအခြေပြု ကလေးကြီးထွားဖွံ့ဖြိုးမှု စောင့်ကြပ် မြှင့်တင်ခြင်း” သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်ရှ်ထာ က Myanmar Micronutrient and Food Consumption Survey MMFCS (2017-2018) Interim Report မှ ကချင်ပြည်နယ်နှင့် ပတ်သက်သော အရေးကြီးသည့် ကိန်းဂဏန်း အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် မူကြိုဆရာမ (၇၅) ဦး တက်ရောက်ခဲ့ကြပြီး (၁၈-၃-၂၀၁၉ မှ ၂၀-၃-၂၀၁၉) ရက်နေ့ထိ ကျင်းပပြုလုပ် သွားမည် ဖြစ်ပါသည်။

 

More Tags