ကချင်ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ TB Active Case Finding လုပ်ငန်း မြစ်ကြီးနားမြို့ တွင် ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၃)ရက်

     ကချင်ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ကွင်းဆင်းအဖွဲ့ဖြင့် လူထုအတွင်း တီဘီရောဂါရှာဖွေကုသပေးခြင်း (TB Active Case Finding) လုပ်ငန်းကို မြစ်ကြီးနားမြို့အတွင်းရှိ ကျေးရွာရပ်ကွက်များတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ရှဒေါင်ကျေးရွာ၊ (၂၁)ရက်နေ့တွင် ရမ်ပူရပ်ကွက်၊ (၂၂) ရက်နေ့တွင် ပလန (၁)ကျေးရွာ၊ (၂၃)ရက်နေ့တွင် ရန်ကြီးအောင်ရပ်ကွက် နှင့် (၂၄) ရက်နေ့တွင် တာလောကြီး ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ရန် စီစဉ်ထားရှိလျက် ရှိပါသည်။


     ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့အထိ လာရောက်သော ပြည်သူများကို တီဘီရောဂါအကြောင်း ကျန်းမာပညာပေးခြင်း၊ စုစုပေါင်းလူဦးရေ (၄၆၀) ဦးကို ဓာတ်မှန်ရိုက်၍ တီဘီရောဂါ ရှိ/မရှိ စစ်ဆေးပေးနိုင်ခဲ့ပြီး ဆေးကုသရန် လိုအပ်သူ လူနာ (၉) ဦးကို ရှာဖွေဖော်ထုတ်၍ လိုအပ်သော ကုသမှုများပေးခြင်းနှင့် စဉ်ဆက်မပြတ် ကုသမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

More Tags