ကချင်ပြည်နယ်တွင် ၂၀၁၈ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မြစ်ကြီးနား၊ ဒီဇင်ဘာလ ( ၄ )ရက်

     ၂၀၁၈ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကိုကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင်(၄.၁၂.၂၀၁၈)ရက်နေ့နံနက်(၈:၃၀)နာရီတွင် ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

 

     အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ INGO/NGO၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ လူဦးရေစုစုပေါင်း(၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

     ထက်/လယ်/မူအဆင့် ပန်းချီ၊ ကာတွန်း၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

     တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက ကချင်ရိုးရာအကဖြင့်လည်းကောင်း၊ ကချင်အားမာန်သစ်အဖွဲ့က တေးသရုပ်ဖော်အကဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြပါသည်။

 

 

 

 

 
 

More Tags