ကချင်ပြည်နယ်တွင် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲ (၂၀၁၈) ကျင်းပ ပြုလုပ်

မြစ်ကြီးနားမြို့၊  မတ်လ(၁၄)ရက်

     ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌    ပြည်နယ်အဆင့်လူထု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ(၂၀၁၈) ကို (၁၄.၃.၂၀၁၉) မှ (၁၆.၃.၂၀၁၉) ရက်နေ့ထိ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဒုပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူးများ၊ ပြည်နယ်/ ခရိုင်များမှ  လက်ထောက်ညွှန်ကြားရေးမှူးများနှင့်  အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊  CPI, MAM, HPA တာဝန်ခံများ စုစုပေါင်း(၆၅)ဦး တက်ရောက်ခဲ့ကြပါသည်။


 

     ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာအေးသိန်း က အဖွင့်အမှာစကား ပြောကြားရာတွင် ခရိုင်/မြို့နယ်များအားလုံးအနေနှင့် ဆန်းစစ်ဆွေးနွေးကြတဲ့အခါ မြေပြင်အခြေအနေ အချက်အလက် များကို အခြေခံ၍ Situation analysis ပြုလုပ်ပြီး အားသာချက်များကို ရှာဖွေ၍ နောက်နှစ်အတွက် Comprehensive plan ချမှတ်ကာ Strategies and action plan များ ရေးဆွဲနိုင်ရေး လုပ်ဆောင်ကြပါရန်နှင့် Data Source သည် တစ်ခုတည်းဖြစ်သည့်အတွက် မည်သည့်ဌာနသို့ အစီရင်ခံသည်ဖြစ်စေ တူညီရပါမည်။ ယခုဆွေးနွေးပွဲမှာ ရရှိလာတဲ့ ရလာဒ်တွေအပေါ် မူတည်ပြီး အားနည်းချက်/အားသာချက် တွေကို သုံးသပ်ကာ နောက်နှစ်အတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ပေးကြပြီး အားလုံးတက်တက်ကြွကြွနှင့် ပါဝင်ဆွေးနွေးပေးကြပါလို့ ပြောကြားခဲ့ ပါသည်။


 

     ၂၀၁၈ခုနှစ်အတွင်း မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှုများ၊ စာရင်းဇယားပြည့်စုံမှန်ကန်မှုများကို ဆန်းစစ်၍  ဆုချီးမြှင့်ရာ Group-A အဖွဲ့တွင် မိုးကောင်းမြို့နယ်ကလည်းကောင်း၊ Group-B အဖွဲ့တွင် တနိုင်းမြို့နယ်က လည်းကောင်း၊ Group-C အဖွဲ့တွင် ဆွမ်ပရာဘွမ်မြို့နယ်ကလည်းကောင်း ရရှိခဲ့ကြပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပါသည်။

More Tags