ကိုယ်ဝန်ဆောင်စဉ် မီးဖွားစဉ်နှင့် မီးဖွားပြီး ဖြစ်ပေါ်တတ်သောအရေးပေါ်အခြေအနေများကို အခြေခံပြုစုစောင့်ရှောက်ခြင်း ဆရာဖြစ်သင်တန်း (တိုင်းဒေသကြီးအဆင့်) မုံရွာမြို့၌ ကျင်းပ

မုံရွာ                       နိုဝင်ဘာလ (၁၂) ရက်

     တိုင်းဒေသကြီးအဆင့် ကိုယ်ဝန်ဆောင်စဉ် မီးဖွာစဉ်နှင့် မီးဖွားပြီး ဖြစ်ပေါ်တတ်သော အရေးပေါ်အခြေအနေများကို အခြေခံပြုစုစောင့်ရှောက်ခြင်း (Basic Emergency Obstetric and Newborn Care, BEmONC) ဆရာဖြစ်သင်တန်းကို မုံရွာမြို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁၂.၁၁.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     သင်တန်းတွင် ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး(ပြည်သူ့ကျန်းမာ)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်များမှ တာဝန်ရှိသူများနှင့်အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သင်တန်းဆရာများ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။


 

    အဆိုပါဆရာဖြစ်သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်(၉)မြို့နယ်မှ အခြေခံကျန်းမာရေးဝန်ထမ်း(၁၉)ဦးအား ပထမအကြိမ်အဖြစ် (၁၂.၁၁.၂၀၁၈)ရက်နေ့မှ (၁၇.၁၁.၂၀၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ သင်တန်းမကျင်းပမီနှင့် ကျင်းပပြီးချိန်တွင် စာတွေ့ လက်တွေ့ ဆန်းစစ်ခြင်းစာမေးပွဲများပြုလုပ်ခြင်း၊ ပုံစံတူသင်ထောက်ကူပစ္စည်းများဖြင့် လက်တွေ့လေ့ကျင့်သင်ကြားခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်း စသည့် သင်ကြားနည်းစနစ်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

More Tags