ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၏ ဌာနတွင်းဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ (Retreat) ကျင်းပ

ငလိုက်ကန်သာ အပန်းဖြေစခန်း၊ နေပြည်တော် ရက်စွဲ၊ ၉-၉-၂၀၁၉

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၏ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များအား ယခုထက် ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနတွင်းဝန်ထမ်းများတွေ့ဆုံညှိနှိုင်းပွဲ(Retreat)ကို ငလိုက်ကန်သာ အပန်းဖြေစခန်း၊ အစည်းအဝေးခန်းမ၌ (၉-၉-၂၀၁၉) ရက်နေ့၊ နေ့လယ် (၂:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထင်လင်းက အဖွင့်မှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများမှ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၏ လုပ်ငန်းစဉ်များကို ယခုထက် ထိရောက်ကျယ်ပြန့်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်မှုများ အသီးသီးပေးအပ်ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး(တာဝန်)၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲက လမ်းညွှန်အကြံပြုပေးခြင်းများအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တက်ရောက်လာသော ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲဝန်ထမ်းအသီးသီးတို့မှ မိမိတို့ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များနှင့် ဆက်လက် ဆောင်ရွက်လိုသည့်လုပ်ငန်းများကို အသီးသီးပွင့်လင်းစွာတင်ပြခဲ့ကြပြီး တက်ရောက်လာသူ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူ များမှ အသီးသီးဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။


 

     အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)၊ ဒေါက်တာ သန္တာလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာမြင့်မြင့်သန်းနှင့် ညွှန်ကြားရေးမှူး(ကျောင်းကျန်းမာ) ဒေါက်တာ ဖြူဖြူအေး၊ ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေး) ဒေါက်တာကျော်ကျော်၊ ညွှန်ကြားရေးမှူး(တာဝန်) (အာဟာရ) ဒေါက်တာလွင်မာလှိုင်၊ ဒုတိယညွှန်ကြားရေးမှူး (မိခင်နှင့်မျိုးဆက်ပွား) ဒေါက်တာ မြင့်မိုရ်စိုး၊ ဒုတိယညွှန်ကြားရေးမှူး(စီမံကိန်း) ဒေါက်တာမောင်မောင်ဌေးဇော်၊ ဒုတိယ ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်) ဒေါက်တာကေခိုင်အေး၊ ဒုတိယညွှန်ကြားရေးမှူး(ပတ်ဝန်းကျင်) ဦးဌေးဝင်း၊ ဒုတိယညွှန်ကြားရေးမှူး(ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ) ဒေါက်တာရီရီဝင်း နှင့် ဖိတ်ကြားထားသောပုဂ္ဂိုလ်များ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှဝန်ထမ်းများ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြပါသည်။

 
 
 
 
 
 

More Tags