ကျန်းမာရေးသတင်းစနစ် နှစ်ဝက်ဆန်းစစ်ခြင်း ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်

လွိုင်ကော်၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၅)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် (၂၃-၁၀-၂၀၁၉)ရက်နေ့မှ (၂၄-၁၀-၂၀၁၉)ရက်နေ့အထိ ကျန်းမာရေးသတင်းစနစ် နှစ်ဝက်ဆန်းစစ်ခြင်း ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မြို့နယ်(၇)မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများ၊ INGO အဖွဲ့မှ တာဝန်ခံများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပါသည်။ မြို့နယ်အလိုက် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု၊ အခက်အခဲ၊ အားနည်းချက်၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

 

More Tags