ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှ ထွက်ရှိသော ချွန်ထက်စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရေးဆိုင်ရာသင်တန်းဖွင့်ပွဲ

ရန်ကုန်မြို့၊ နိုဝင်ဘာလ(၁၂)ရက်

     မှော်ဘီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများမှထွက်ရှိသော ချွန်ထက်စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရေးဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၁၂.၁၁.၂၀၁၈) ရက်နေ့၊ တနင်္လာနေ့ နံနက် (၉)နာရီတွင် ကျင်းပခဲ့ပါသည်။

 

     သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာသန်းထွဋ်၊ UNICEF မှ စီမံချက်မန်နေဂျာ ဒေါက်တာတင်ထွဋ်တို့အပြင် နေပြည်တော် လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိမွန်ဝင်း၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးဌာနမှ ကိုယ်စားလှယ်တစ်ဦးနှင့် သက်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းကို Managerial Level နှင့် Operational Level နှစ်ပိုင်းခွဲ၍ (၁၂.၁၁.၂၀၁၈) ရက်နေ့မှ (၁၇.၁၁.၂၀၁၈) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး တစ်သုတ်လျင် သင်တန်းသားဦးရေ (၅၀)ခန့် သင်ကြားပို့ချပေးမည်ဖြစ်ရာ ယနေ့ပထမအသုတ်သို့ သင်တန်းသား၊ သင်တန်းသူများ အပါအဝင် စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

More Tags