ကျန်းမာရေးကဏ္ဍပေါင်းစုံ လစဉ်ပုံမှန်အစည်းအဝေး (Monthly Health Sector Meeting) စစ်တွေမြို့၌ ပြုလုပ်ကျင်းပ

စစ်တွေမြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၅) ရက်

     သြဂုတ်လ (၁၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ လစဉ်ပုံမှန်အစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ ကျန်းမာရေးလုပ်ငန်းကဏ္ဍများ ဆောင်ရွက်နေသော ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာနှင့်ပြည်တွင်း အဖွဲ့အစည်းများ၊ စုစုပေါင်း (၅၀) ဦးတက်ရောက်ကြပါသည်။

 

     အဆိုပါအစည်းအဝေးတွင် တက်ရောက်လာသောသူများက ပြီးခဲ့တဲ့ (၁) လတာအတွင်း‌ ပြည်နယ်အတွင်း မြို့နယ်များ၌ ၎င်းတို့ ဆောင်ရွက်ခဲ့သော လုပ်ငန်းအခြေအနေအရပ်ရပ်၏ ဆောင်ရွက်ပြီးစီးမှု၊ နောက်ထပ် ဆောင်ရွက်မည့် စီမံချက်လုပ်ငန်းများကို တင်ပြဆွေးနွေးကြပါသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က နိဂုံးချုပ် စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

More Tags