ကုတင်(၅၀၀)ဆံ့ အရိုးအထူးကုဆေးရုံကြီး(မန္တလေး)တွင် ၀က်သက်/ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားကျင်းပ

မန္တလေး၊ မတ်လ (၂၁)ရက်

     ကုတင်(၅၀၀)ဆံ့ အရိုးအထူးကုဆေးရုံကြီး(မန္တလေး)၏ အမှုထမ်း/အရာထမ်းများအား ၀က်သက်/ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးပေးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁) ရက်၊ ကြာသပတေးနေ့ နံနက်(၉:၃၀)မှ ညနေ (၄:၀၀)နာရီထိ ဆေးရုံကြီး၏ အစည်းအဝေးခန်းမ (ပထမထပ်)တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဆေးရုံအုပ်ကြီးနှင့်ပါမောက္ခများ၊ ဆေးရုံအုပ်၊ လက်ထောက်ဆေးရုံအုပ်များ၊ ကုသရေးနှင့် အထောက်အကူပြုဌာနများမှ ၀န်ထမ်းများ အားလုံး ကာကွယ်ဆေးထိုးနှံခဲ့ရာ စုစုပေါင်း (၃၀၀)ဦး အောင်မြင်စွာထိုးနှံပေးခဲ့ပါသည်။

 

More Tags