ကြည့်မြင်တိုင်မြို့နယ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ကာကွယ်ဆေး (PENTA 4)ကို ပုံမှန်ကာကွယ်ဆေးထိုး၊ တိုက်အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံ တိုက်ကျွေးခြင်း မြို့နယ်အဆင့် သင်တန်းကျင်းပ

ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၂၄) ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန အစည်း အဝေး ခန်းမ၌ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့ နံနက် (၁ဝးဝဝ)နာရီတွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ဆုံဆို့ မေးခိုင်ကာကွယ်ဆေး (PENTA 4) ကို ပုံမှန် ကာကွယ်ဆေးထိုး၊တိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံ တိုက်ကျွေးခြင်း၊ မြို့နယ်အဆင့် သင်တန်းတစ်ရပ် ကျင်းပခဲ့ပါသည်။ သင်တန်းတွင် ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာခင်မောင်လွင်နှင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဇင်မာဝင်းတို့မှ ဉီးဆောင်၍ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ကြည့်မြင်တိုင်မြို့နယ် ကျန်းမာရေးဉီးစီးဌာနမှ အခြေခံကျန်းမာရေး ကျွမ်းကျင်ပညာရှင် စုစုပေါင်း (၃၉)ဉီးခန့် တက်ရောက်ခဲ့ပါသည်။

More Tags