ကျိုင်းတုံမြို့အတွင်းရှိ တက္ကသိုလ်နှင့်ကောလိပ်များတွင် မျိုးဆက်ပွား ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂) ရက်

     ကျိုင်းတုံမြို့အတွင်းရှိ တက္ကသိုလ်နှင့်ကောလိပ်များတွင် မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂.၉.၂၀၁၉) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (ခုခံကျ/ကာလသား)ရောဂါတိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဆရာဝန်မှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်၊ ကျိုင်းတုံမြို့နယ်အတွင်းရှိတက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းမှကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ခံများ၊ လားဟူနှင့် အာခါယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ၊ Keng Tong Youth Centre မှ တာဝန်ရှိသူများနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

More Tags