ကျိုင်းတုံမြို့ရှိ တက္ကသိုလ်များတွင် ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးပွဲများဆောင်ရွက်

ကျိုင်းတုံမြို့ ၊ ဇွန်လ (၂၇) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၁၉) ရက်နေ့တွင် ကျိုင်းတုံတက္ကသိုလ်၊ ကျိုင်းတုံနည်းပညာတက္ကသိုလ်၊ ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်နှင့် ကျိုင်းတုံပညာရေးကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား တက္ကသိုလ်ခန်းမ အသီးသီး၌ ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

More Tags