ကျိုင်းတုံမြို့နယ်တွင် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုင်းတုံ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၆) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် Access To Health Fund အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ တတိယ (၃) လပတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကျန်းမာရေးစနစ်မြှင့်တင်ရေး လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ခုခံကျ/ကာလသား၊ ရပကန၊ တီဘီ/အနာကြီး တိုက်ဖျက်ရေးအဖွဲ့များ၊ အခြားဌာနတွင်းအဖွဲ့များနှင့် ပြည်နယ်အတွင်း ဆောင်ရွက်မည့် Coordinated State Work Plan ကို ညှိနှိုင်းရေးဆွဲခဲ့ပါသည်။

More Tags