ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၃) ရက်

     ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ Amazing Hotel တွင် ၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင် နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး တက်ရောက်ကာ ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ အခမ်းအနားကျင်းပရခြင်း၏ အကြောင်းအရင်း၊ ရည်ရွယ်ချက်၊ လုပ်ဆောင်နေသောလုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     ကျိုင်းတုံ GIZ ရုံးမှ လက်ထောက်တာဝန်ခံ Ms. Marina Naomi Noack မှလည်း ကမ္ဘာ့မိခင် နို့တိုက်ကျွေးရေး နှင့် အာဟာရဖွံ့ဖြိုးရေး များအားထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် စံပြမိခင်နို့တိုက်မိခင်ဆုရရှိသော မိခင်များအား ဆုချီးမြင့်ပြီး အာဟာရပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ စိန့်မေရီမူလတန်းကြိုကျောင်းမှ အသက် (၅) နှစ်အောက် ကလေးငယ်များကိုလည်း ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးခြင်း၊ အာဟာရသရုပ်ပြချက်ပြုတ်ခြင်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံများ၊ နံရံကပ်ပိုစတာများအား လှည့်လှည်ကြည့်ရှု အားပေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားကို စုစုပေါင်း အင်အား (၁၄၁) ခန့်တက်ရောက်ခဲ့ကြပါသည်။

More Tags