ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုအတွက် စံပြမိခင်ရွေးချယ်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၉) ရက်

     ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် (၉-၈-၂၀၁၉) ရက်နေ့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုအတွက် စံပြမိခင်ရွေးချယ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနား၌ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာကျော်ကျော်လင်း၊ ကျိုင်းတုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းနွမ်းခမ်း၊ ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသက်မြင့်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးမှ အဖွဲ့ဝင်များနှင့် အစိုးရမဟုတ်သောလူမှုအဖွဲ့အစည်း INGO(GIZ) အဖွဲ့ဝင်များမှပူးပေါင်းပြီး စံပြမိခင်များ ရွေးချယ်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားကို စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags